မိုင်းတုံမြို့၌ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းဖွင့်

 

မိုင်းတုံ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ လုံခြုံစွာ ဆန္ဒမဲ ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ အား သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲမှစ၍ မိုင်းတုံမြို့နယ်၊ မြို့မရဲစခန်းဝန်းရှိ နားနေဆောင် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံ(၆၄)ရုံတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၆၄)ဦးတို့ အား သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲသင်တန်း ဆင်းအရာရှိများက အောက်တိုဘာ လ(၁) ရက်နေ့မှစ၍ (၂၈)ရက်နေ့အထိ သင်တန်းကာလ(၂၈)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ပိုချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ် ကာလတွင် အထူး ရဲတပ်ဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေး စောင့် ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)