နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ လာရောက်ကြည့်ရှု

နတ်မောက်  အောက်တိုဘာ  ၁

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို  ဒုတိယ အကြိမ် အဖြစ် အောက်တိုဘာ (၁) ရက်မှ အောက်တိုဘာ (၁၄) ရက်နေ့အထိ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးတွင် ကပ်ထားကြေညာထားသည်ဖြစ်ရာ မြို့ပေါ် (၇)ရပ်ကွက်နှင့်ကျေးရွာပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မိမိ၏အမည်စာရင်းများပါမပါ၊ အချက်အလက် များ မှန်ကန်မှု ရှိ/ မရှိ၊အချက်အလက်များမှားယွင်း နေပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအသီးသီးတွင် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန်နှိုးဆော် ထားရှိသည်။ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်တွင်  ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ၌ နတ်မောက် မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူတစ်သိန်းကိုးသောင်းကျော် ရှိပြီး မဲရုံပေါင်း (၂၈၁) ရုံလျာထားကြောင်း နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

ဥမ္မာခင်(နတ်မောက်)