ကွမ်းလုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်များစာရင်းကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့အထိ ကပ်ထား
ကြေညာသွားမည်ဖြစ်ပြီး ကွမ်းလုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)ခုတွင် မဲရုံပေါင်း(၅၈)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်ကပ်ထားကြေညာချက်အရ(၃၇၅၇၆)ဦး ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်ပါတီ(၅)ခု ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး ရှိကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)