ကန့်ဘလူ၌ အထူးရဲသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က အထူးရဲသင်တန်း အမှတ် စဉ်(၁/ ၂၀၂၀) ဖွင့်ပွဲကျင်းပကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာ

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာမဲပေးနိုင်ရေး မဲရုံလုံခြုံရေး အထူးရဲသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နေရာသုံးနေရာခွဲ၍ ပြုလုပ်ခဲ့သည်။

ကန်ပိုက်တီမြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ပေါ်ရှိ ရပ်ကွက် (၁)၊(၂)၊(၃) တို့တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၉ ရက် ည ၈ နာရီမှ ၁၀ နာရီထိ ဌာနဆိုင်ရာအစုအဖွဲ့များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေးအတွက် အထူးရဲ(Special Police)သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးအတွက် အထူးရဲ(Special Police)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့မရဲစခန်းတွင်ကျင်းပသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်ဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ဆားလင်းကြီးမြို့တွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားစုရပ်အလိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက် ကျွေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က စတင်၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ မဲရုံလုံခြုံရေးများ ဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ကိုကိုးကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြိုနယ်တွင် ယမန်နေ့ နေ့လယ် ၂နာရီ အချိန်တွင် ကိုကိုးကျွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကွက်ကျေး ရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာ နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။                 

တပ်ကုန်းမြို့၌ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းဖွင့်လှစ်

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

တနိုင်း၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာထား‌ကြောင်းသိရသည်။
Subscribe to