ထီးလင်း၌အသက်(၈၀)နှင့်(၈၅)နှစ် အကြားရှိ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်

ထီးလင်း အောက်တိုဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို ယနေ့နံနက် ၇ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနွားမောင်နှင့်တာဝန်ရှိသူများက သက်ကြီးရွယ်အို အဘိုးအဘွား တစ်ဦးလျှင် ထောက်ပံ့ငွေ - ၃၀၀၀၀/-ကျပ်စီကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်တွင် အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးရွယ်အို (၁၆)ဦး၊ အမှတ်(၂) ရပ်ကွက်တွင် (၁၈)ဦး၊ စုစုပေါင်း (၃၄)ဦး တို့အား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)