ဒေါပုံမြို့နယ် အ.ထ.က(၁) ကျောင်း Quarantine Centre တွင် အသုံးပြုနိုင်ရန်  ခေါင်းအုံးများနှင့် မြို့နယ် ကိုဗစ်−၁၉ ကော်မတီသို့ စက်တပ်ပိုးသတ်ဆေးဖြန်းပုံး(၂)ပုံး၊ သွေးပေါင်ချိန်တိုင်းစက် (၃)လုံး၊ Pulse Oximeter ( ၂)ခု၊ N95Mask များလှူဒါန်း

ဒေါပုံ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း Quarantine Centre တွင် Quarantine ဝင်ရောက်လာသူ ပြည်သူများ အသုံးပြုနိုင်ရန် ခေါင်းအုံး အလုံး(၃၀၀) အား ယနေ့နံနက်(၁၁)နာရီ အချိန်ကလာရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် သာကေတမြို့နယ်၊ အနော်မာ( ၁)ရပ်ကွက်နေ ဦးမောင်မောင်ချစ် (smile) မိသားစုတို့မှ ခေါင်းအုံး အလုံး(၃၀၀)နှင့် မြို့နယ် ကိုဗစ်- ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးလုပ်ငန်းကော်မတီသို့ ရွှေနရားကုမ္ပဏီလီမီတက်က ငွေကျပ် (၄၆၀၆၀၀/-) တန်ဖိုးရှိ စက်တပ်ပိုးသတ်ဆေး ဖြန်းပုံး(၂)ပုံး၊ သွေးပေါင်ချိန်တိုင်းစက်(၃)လုံး၊ Pulse Oximeter (၂)ခု၊ N95Mask များအား လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထို့သို့လာရောက်လှူဒါန်းခြင်းကို ဒေါပုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုး၊ အမှတ်(၂)တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြို့နယ်ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် Quaratine တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်ဆက်)