ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက် စွန်းလွန်းဂူ ဝိပဿနာ ကျောင်းတိုက်ရှိ သံဃာတော်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် ဓါတ်ခွဲနမူနာများကို ယနေ့နံနက်ပိုင်း အချိန်က မှော်ဘီ တပ်မတော်ဆေးသင်တန်းကျောင်းမှ လာရောက်ရယူခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၃၀ ရက်နေ့ည (၈:၀၀) အချိန် သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာစာရင်းတွင် အဆိုပါကျောင်းတိုက်မှ သံဃာ (၁၉)ပါး ပိုးတွေ့ရှိခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီမှ အသွားအလာကန့်သတ်စီစဉ်ဆောင်ရွက်ထားရှိခဲ့ပြီး ဓာတ်ခွဲနမူနာများ၏ အဖြေ များအားသိရှိရပါက အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)