ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်းကပ်လှူပွဲ အခမ်းအနားဖွင့်ပွဲပြုလုပ်
ဗန်းမော် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၄၃) ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်းကပ်လှူပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရွှေကျီးနားမဟာစေတီတော်မုခ်ဦး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။