ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မိုးစပါးမျိုးစေ့ထုတ်ကွက်များတွင် ပေါင်းလိုက်၊ သမန်းနိုးကိရိယာဖြင့် ပေါင်းမြက် ကာကွယ်နှိမ်နင်းရေးလက်တွေ့ ကွင်းသရုပ်ပြ

ကျွန်းလှ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်၊လွှတ်တိုက်ကျေးရွာနှင့်မဒေါင်ကျေးရွာတို့တွင်(CERP)စီး ပွားရေးကုစားမှုအစီအစဉ်အရစိုက်ပျိုးသောမိုးစပါးမျိုးစေ့ထုတ်ကွက်များအားအောက်တိုဘာ(၁)ရက်နေ့ကပေါင်း လိုက်၊သမန်းနိုးကိရိယာဖြင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးလက်တွေ့ကွင်းသရုပ်ပြခြင်းပြုလုပ်ကြောင်းသိရသည်။

ထိုကွင်းသရုပ်ပြပွဲတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်မြင့်မြင့်ရီကပေါင်းလိုက်၊သမန်းနိုးကိရိယာဖြင့် ပေါင်းမြက်များနှိမ်နင်းခြင်းကြောင့်သီးနှံပင်များလေဝင်လေထွက်ကောင်းခြင်း၊အပင်ပွားများခြင်း၊အာဟာရဓာတ် ပြန်လည်ဖြည့်တင်းပေးခြင်း၊ဓာတုဆေးဝါးများသုံးစွဲမှုလျော့ချနိုင်ခြင်း၊အထွက်နှုန်းကောင်းမွန်ခြင်းစသည့်အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ယင်းနောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဝန်ထမ်းများနှင့်ဒေသခံတောင်သူများပူးပေါင်းပြီးပေါင်းလိုက်၊သမန်းနိုး ကိရိယာဖြင့်သမန်းနိုးခြင်း၊ပေါင်းရှင်းခြင်းလုပ်ငန်းများလက်တွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင်မိုးစပါးမျိုးစေ့ထုတ်ကွက်များအဖြစ်ရှမ်းစု၊မကျီးအင်း၊လွှတ်တိုက်၊မဒေါင်ကျေးရွာတို့၌နတာင်သူ (၈၉)ဦးမှဧက(၃၃၀)စိုက်ပျိုးထားကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မျိုးဝင်းညို ကျွန်းလှ