ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သူများအား စောင့်ကြည့် လူနာအဖြစ် ထားရှိမည့် နေရာများအား ကြည့်ရှု စစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး အဖြစ် ပြည်ပ နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူမျာအား ၁၄ ရက်စောင့်ကြည့်ရန် စီစဉ်ထားသော နေရာများအား လွတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ယနေ့ နံနက် ၉ နာရီခွဲက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။