တန့်ယန်းမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်

တန့်ယန်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက့် အထူးရဲများတာဝန်ပေးနိုင်ရန် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် နာရီက အမှတ်()ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအတွက် နှာခေါင်းစည်း Mask (၁၀၀)ခု၊ အပူချိန်တိုင်းကရိယာ ()ခု၊ ဟင်းစပီကာ()ခုနှင့် လက်ဆေးရည် ()ပုံးတို့ကို ပေးအပ်ခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား (၉၀)ဦး တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေး ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့အကျိုးပြု လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။                     

မင်းလွင်ဦး(ပြန်/ဆက်)