တနိုင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ‌ကပ်ထားကြေညာမှုများ ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်မှစတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားလျက်ရှိသည်။

မိုင်းပန်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရဲစခန်း၌ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ အထူးရဲများအား သင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီက မဟာသုမင်္ဂလ သီဟကြေးသွန်းဘုရားကြီးတွင် အထူးရဲသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အောင်ဇော်ခန့်က အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီး၊ ဌာနဆိုင်ရာများနှင့် အထူးရဲတပ်ဖွဲ့ဝင်(၄၄)ဦး တက်ရောက်ခဲ့သည်။

ကျုံပျော်မြို့ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဒိုက်​ဦးမြို့တွင်​ အသက်​(၈၀)နှစ်​နှင့်​ အသက်​(၈၅)နှစ်​ပြည့်​ပြီးသည့်​ ဘိုးဘွားများအား​ ထောက်​ပံ့​ငွေ ပေးအပ်​

ပဲခူးတိုင်း​ဒေသကြီး၊ ဒိုက်​ဦးမြို့နယ်​အတွင်း ရပ်​ကွက်​ကျေးရွာ (၅၃)အုပ်​စုမှ အသက်​(၈၀)နှစ်​နှင့်​ (၈၅)နှစ်​ပြည့်​ပြီးသည့်​ ဘိုးဘွားများအား​ ထောက်​ပံ့​ငွေ​ပေးအပ်​သည်​။

တနင်္သာရီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ ပြည်သူလူထုထံ ဖြန့်ဝေပေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်မိဘပြည်သူများမှ မဲဆန္ဒရှင်စာရင်းတွင် မိမိတို့၏အမည်စာရင်းပါ/မပါကိုကြိုတင် သိရှိနိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး

လေးမျက်နှာမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထား​ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/​​​ကျေးရွာ ​ရွေး​ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား​ကြေညာ ​ပေးထား​ကြောင်း သိရသည်။

ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါခေါ်ယူ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်(၁၀)သန်းမှ ငွေကျပ် သန်း(၁၀၀)ကြား လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါများခေါ်ယူလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အင်ဂျန်းယန်မြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက(အင်ဂျန်းယန်) အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP) ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to