ရန်ကင်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းများဆောင်ရွက်ခြင်းနှင့်စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များမှ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်နှင့် မြို့နယ်ချင်းဆက် လမ်းမကြီးများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး QR pass မပါသောယာဉ်များ၊ အထောက်အထားမခိုင်လုံသော ယာဉ်နှင့်လူများအား နယ်ကျော်သွား လာခွင့် ခွင့်မပြုတော့ကြောင်း ကို သိရှိလိုက်နာစေရန် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)