မန့်ဟီးရိုးမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယ အကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

 

မန့်ဟီးရိုး အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်(၈)နာအချိန်မှစ၍ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန် ကြေညာထားကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရ်နေ့အထိ သက်ဆိုင်ရာ ရပ် ကွက်/ကျေး ရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းပါ အချက် အလက်များမှားယွင်းနေကြောင်းတွေ့ရှိရပါက ပုံစံ-၄(ဂ)ဖြင့်ပြင်ဆင်လွှာတင်သွင်းရန်၊ မဲစာရင်း တွင် မိမိအမည်မပါရှိပါက ပုံစံ-၃ဖြင့် အမည်ပြန်လည်ထည့်သွင်းနိုင်ရေးအတွက် တောင်းဆိုရန်၊ အခြား ဒေသမှ လာရောက်နေထိုင်သူများအနေဖြင့် ပုံစံ-၃(က)ဖြင့်‌လျှောက်ထားရန်၊ မဲစာရင်းတွင်ပါဝင်ရန်မသင့် သူများ ပါဝင်နေပါက ပုံစံ-၄ဖြင့်ကန့်ကွက်ခြင်းများလျှောက်ထားရန်အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ ရုံးများ တွင် လျှောက်လွှာထားပေးအပ်ထားရှိပြီးဖြစ်ကြောင်းနှင့် လျှောက်ထားလာသူများရှိပါက သက်ဆိုင် ရာ တာဝန် ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ်ရွေးကောက် ပွဲကော် မရှင်အဖွဲ့ခွဲ ဉက္ကဌထံမှသိရသည်။

မန့်ဟီးရိုးမြို့အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံး ရှုံးစေရေး အတွက် မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှု့ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ လာရောက် ကြည့်ရှု့ ကြရန် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေးနှိုးဆော်ထားကြောင်းနှင့်  မဲဆန္ဒရှင်  စာရင်း များကို Web Application ဖြစ်သောFindyourpollingstation.uec.gov.mm နှင့်mobile Application ဖြစ်သော Findyourpollingstation.apk တို့ကို Downloadရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါကြည့်ရှု့ စစ်ဆေး ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် ထားကြောင်း သိရသည်။     

စန္ဒာ(ပြန်/ဆက်)