နောင်တရားမြို့တွင်း၌ အပြင်သွားလျှင် နှာခေါင်းစည်းတပ်ဆင်အသုံးပြုစေရေးအသိပညာပေး

 

နောင်တရား အောက်တိုဘာ        ၂

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင်း၌ အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင် အသုံး ပြုစေရေး နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်နှင့် အိမ်သုံး ကားများ သွားလာမှုများပြားသည့် နံနက်ပိုင်းတွင် နောင်တရားမြို့ အဝင်၌ လည်းကောင်း၊ နေလယ် ပိုင်းတွင် မြို့တွင်း၌ အပြင်ထွက်သွားလာနေသည့် ဒေသခံပြည်သူများကိုလည်းကောင်း အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင်အသုံးပြု သွားလာစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှု မရှိသူ များအား ဝယ်ယူ အသုံးပြု စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်း များကို နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမူရေး အသင်းအဖွဲ့ များ ပူးပေါင်း၍ နေ့စဉ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)