သန်လျင် အောက်တိုဘာ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ သန်လျင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အသီးသီးမှ အထူးရဲ သင်တန်းသား(၂၂၈)ဦး တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
အလားတူ သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ သုံးနေရာခွဲ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)