အုတ်ဖို အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ပဲ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို အုတ်ဖို မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု(၆၃)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၂၀၆၀)စု၊ ဒုတိယ အကြိမ်တွင် နောက်တိုးအခြေခံအိမ်ထောင်စု(၇၇၇၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့်ထောက်ပံပေးနိုင်ခဲ့ပြီး တတိယ အကြိမ်တွင် ရပ်ကွက်ကျေးရွာ အုပ်စု(၆၃)အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးနိုင်ခဲ့သည်။ စတုတ္ထ အကြိမ်တွင် အခြေခံ အိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ နိုင်ခဲ့ပြီး ယခုအခါတွင်လည်း ရပ်ကွက် ကျေးရွာအုပ်စု (၆၃)အုပ်စုမှ အခြေခံ အိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်ကာ ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)