လပွတ္တာမြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာ

လပွတ္တာ  အောက်တိုဘာ ၂

လပွတ္တာမြို့နယ်တွင် ၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် (နောက်ဆုံး)မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၁ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ပြထားရှိမည် ဖြစ်သည်။

လပွတ္တာမြို့နယ်တွင် မဲရုံ ၂၆၃ ရုံသတ်မှတ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၄၀၀၉ ဦးရှိသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် အတိုး/အလျော့ရှိပါက မိသားစု CODE နံပါတ်များ ပြောင်းလဲမှုမရှိပါကြောင်းနှင့် ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်ခြင်း တို့ကို မဲစာရင်းကြေညာသည့် ၁၄ ရက်အတွင်း လာရောက်အခမဲ့ရယူ တင်သွင်းနိုင်ပါ​​ကြောင်း ခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးလေးအောင်ထံမှ သိရသည်။

ဝင်းကျော်မြင့်၊ လပွတ္တာခရိုင် (ပြန်/ဆက်)