အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

အိမ်မဲ  အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် --က()ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အိမ်မဲမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်(၉၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အောက်တိုဘာလ() ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင်  အခြေခံစစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)