တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ဥက္ကလာပ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဖြူစင်ပဒုမ္မာလှူဒါန်းသူများ အဖွဲ့နှင့် "ဂျွန်းဂျင်း" ကိုရီးယားဘာသာစကား သင်တန်းသားများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းပစ္စည်းများတွင် PPE ဝတ်စုံ (၆၀)စုံ၊ KN 95 Mask (၆၀) ခု၊ Hang Gel 500 ml (၅) ဘူး၊ Hang Gel 80 ml (၂၀) ဘူး၊ Hang Gel 35 ml (၇၅) ဘူး၊ Hang Sanitizer 100 ml (၂၀) ဘူး၊ လက်ဆေးဆပ်ပြာဆီ 500 ml (S/T) (၆) ဘူး၊ လက်ဆေးဆပ်ပြာဆီ 500 ml (၁၅) ဘူး၊ လက်ဆေးဆပ်ပြာဆီ 1L (၁၅) ဘူး အစရှိသော စုစုပေါင်းငွေကျပ် ၈၇၆၂၀၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

နေထက်အောင်