စဉ့်ကိုင် အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက် တရုတ်စုအခြေခံ ပညာအလယ်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသူများကို ကိုဗစ်−၁၉ရောဂါ ရှိ/မရှိဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများရယူခြင်းကိုယနေ့ နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများရယူရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးလွင်ကကြီးကြပ်၍ ဒေါက်တာရန်နိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ပရဟိတ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာ Facility Quarantine ဝင်ရောက်နေသူ (၁၈)ဦးတို့၏ နှာခေါင်းတို့ပတ် နှင့်အာခေါင်တို့ပတ်ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရေး ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲဌာန မန္တလေး သို့ ဓာတ်ခွဲနမူနာများ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများရယူခဲ့သော (၁၈)ဦး၏ ဓာတ်ခွဲအဖြေများသိရှိရပါက ပြည်သူများသိရှိ နိုင်ရေးအချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)