၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်

မအူပင်  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် နာရီက မအူပင်ခရိုင် သာသနာ့ဗိမ္မာန်တော်ကြီးခန်းမနှင့် ရန်အောင်မဟာစည်သာသနာ့ ရိပ်သာဝန်းတွင် လူစုလူဝေးမဖြစ်စေရန် နေရာခွဲကာ ကျင်းပ ဆောင်ရွက်သည်။

ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲသို့ မအူပင်ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ကျော်ခင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိများနှင့် အထူးရဲသင်တန်းသား (၃၁၁)ဦးတက်ရောက်ပြီး အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ခင်က သင်တန်းအဖွင့် အမှာစကားပြောကြားရာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အ၀ ဆောင်ရွက်နိုင်ရန် အင်အားလိုအပ်ချက်အရ ရပ်ကွက်/ကျေးရွာအလိုက် အထူးရဲ သင်တန်းပေးရကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းအား နေ့စဉ် နံနက် နာရီမှ ညနေ နာရီအထိ ပို့ချသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ အောက်တိုဘာ () ရက်မှ (၃၀)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)