မယ်စဲ့မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာ

မယ်စဲ့     အောက်တိုဘာ     ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ရက်သတ္တပတ် နှစ်ပတ်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြေညာထားမည်ဖြစ်ရာ အသက် (၁၈)နှစ်ပြည့် ပြီးသည့် မဲဆန္ဒရှင်ပြည်သူများက ကြည့်ရှုပြီး လိုအပ်ပါက အမည်စာရင်းထည့်သွင်းရန် လျှောက်ထားခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သတ်မှတ်ပုံစံများနှင့် အညီ ဖြည့်စွက်ဆောင်ရွက်နိုင်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် မဲစာရင်းလာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)