ဟိုပန်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကြေညာ

ဟိုပန် အောက်တိုဘာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး အတွက် ဟိုပန်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းများကို အောက်တိုဘာလ()ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်သည်။

အဆိုပါကြေညာထားသည့် မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများမှ မိမိတို့အမည်ပါရှိမှု ရှိ/မရှိ တို့ကို လာရောက်ကြည့်ရှုကြပြီး မဲစာရင်းတွင် အမည်ပါရှိမှုမရှိပါက မဲစာရင်းပုံစံ() ပုံစံ(/က) တို့ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများကို ကန့်ကွက်လွှာတင်သွင်း၍ လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ မဲဆန္ဒနယ်()တွင်မဲရုံ(၂၂)ရုံနှင့် မဲဆန္ဒနယ်() တွင်မဲရုံ(၂၁)ရုံရှိပြီး ပထမအကြိမ်မဲစာရင်းကြေညာရာ၌ မဲဆန္ဒနယ်()နှင့်()တွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၉၅၆၄)ဦးရှိပြီး၊ ဒုတိယအကြိမ်မဲစာရင်းကြေညာရာ၌ မဲဆန္ဒနယ်()တွင် မဲပေးပိုင်ခွင့် ရှိ(၁၂၆၀၆)ဦး မဲဆန္ဒနယ်()တွင် မဲပေးပိုင်ခွင့်ရှိသူ(၉၀၃၄)ဦး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ(၂၁၆၄၀)ဦး ရှိရာ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ဦးရေ (၂၀၇၆)ဦး ထပ်တိုးပါဝင်လာကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)