ကိုဗစ်ကာလ ဝန်ထမ်းများအား အာဟာရနှင့် ဆေးဝါးများ ခရမ်း၌ ထောက်ပံ့ပေးအပ်

ခရမ်း အောက်တိုဘာ ၂ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းများအား အာဟာရနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ကျင်းပသည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဌာန အသီးသီးမှ ဝန်ထမ်းများအား အာဟာရ ကြက်ဥ၊ ဌက်ပျောသီးနှင့် အန်နာဗွန်စီဆေးဝါးများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဌာနတာဝန်ခံများက အသီးသီး ပေးအပ်ကြသည်။

ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ကိုဗစ်ကာလဖြစ်သော်လည်း မြို့သန့်ရှင်း သာယာလှပရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်နေရခြင်း ကြောင့် ဝန်ထမ်းများအား ကိုဗစ်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးပစ္စည်းများ၊ နှာခေါင်းစည်း (Mask)များ၊ လက်သန့်ဆေးရည်များ ပံ့ပိုးပေးထားပြီး အဓိက ခရမ်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ကိုဗစ်အသွားအလာ ကန့်သတ်ရေး စခန်း အသီးသီးရှိ သန့်ရှင်းရေး လုပ်ငန်းများကို  ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ခရမ်း)