ရွှေသောင်ယံ အောက်တိုဘာ ၂
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်အပိုင် ကင်ပွန်းခြုံကျေးရွာတွင် အိမ်ထောင်စု(၃၇) စုအတွက် အလှူရှင်များမှ ဆန်နှင့်စားနပ်ရိက္ခာများကို ယနေ့နံနက်(၁၀)နာရီက သွားရောက်လှူဒါန်း ခဲ့ကြသည်။
အဆိုပါ စားနပ်ရိက္ခာများကို ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ရွှေဟိန်းထက် ကုမ္ပဏီရှိ ဝန်ထမ်း မိသားစုများ၊ အမှတ်(၁)ရပ်ကွက် (Lai Lai) ဟိုတယ်ရှိ ဝန်ထမ်းမိသားစုများ၊ ရပ်ကွက် အလှူရှင်များက စုပေါင်း လှူဒါန်းကြခြင်းဖြစ်ပြီး တစ်အိမ်လျှင်ဆန်(၈)ပြည်နှင့်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြာဇံ၊ ယံယံခေါက်ဆွဲ၊ ပဲတစ်ခြမ်း၊ လက်ဖက်ခြောက်၊ အသားတု၊ ငရုပ်သီးမှုန့် စသည့်ဖြင့် သွားရောက်လှူဒါန်းကြရာ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ လိုက်လံ ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုမောင် (ပြန်/ဆက်)