ငါးသိုင်းချောင်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာသို့ မြန်မာ့ဩဘာလုပ်ငန်းစုမှ အလှူငွေနှင့် လုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်း

ငါးသိုင်းချောင်း  အောက်တိုဘာ

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ()ရက်နေ့မှစတင်၍ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် နေရာကန့်သတ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့ဩဘာလုပ်ငန်းစုကုမ္ပဏီမှ အဆိုပါ စင်တာတွင်အသုံးပြုရန် အလှူငွေကျပ်(၅၀၀၀၀ဝိ/)(ငါးသိန်းကျပ်) H2O2 ပိုးသတ်ဆေး (၁လီတာ ဗူး)(၃၀)ဗူးနှင့်ဩဘာတံဆိပ် နှာခေါင်းစည်း(Mask)အခုရေ (၁၂၀)ကို လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် ကြီးကြပ်ရေး အဖွဲ့များက လက်ခံရယူခဲ့ပြီး အလှူရှင်မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် စက်တင်ဘာလ ()ရက်နေ့မှ ယနေ့အထိ နေရာကန့်သတ်စောင့်ကြည့်မှု ခံယူသူ(၆၉)ဦး ဝင်ရောက်ခဲ့ပြီး၊ ယမန်နေ့အထိ (၂၆)ဦး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ ဆက်လက် ဝင်ရောက်နေကြောင်း၊ အာခေါင်တို့ဖတ်နမူနာ (Swab)စစ်ဆေးမှု(၂၅)ကြိမ် ဆောင်ရွက်ခဲ့ပြီး စစ်ဆေးမှု အဖြေအားလုံး (Negative) ရရှိခဲ့ပါသည်။

လက်ရှိအချိန်ထိ နေရာကန့်သတ် စောင့်ကြည့်မှုခံယူသူအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ အခြားလိုအပ်ချက်များကို ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက စုပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ဦးထွန်းလင်းဦး က ပြောကြားခဲ့သည်။

စိုးမင်းဦး(ပြန်/ဆက်) ‌