လယ်ဝေးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

လယ်ဝေး     အောက်တိုဘာ

၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်()နာရီမှ စတင်၍ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားလျက်ရှိသည်။

မဲစာရင်းများကပ်ထားကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ()ဖြင့် ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မပါဝင် သင့်သူများ ပါဝင်ပါက ပုံစံ()ဖြင့် ကန့်ကွက်နိုင်ကာ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (-)ဖြင့် ပြင်ဆင်ဖြည့်စွက်နိုင်သည်။ မဲစာရင်းများအား အောက်တိုဘာ()ရက်နေ့မှ (၁၄) ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်သည်။

လယ်ဝေးမြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၀)အုပ်စုရှိပြီး စုစုပေါင်း မဲရုံ(၁၄၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း (၂၁၇၆၂၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)