စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှုနိုင်ရေး ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာ

တန့်ဆည်   အောက်တိုဘာ   ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေးကို မဲစာ ရင်းများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက စတင်၍ သက် ဆိုင်ရာ၊ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရ သည်။
၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြေငြာကပ်ထားသည့်မဲစာရင်းပါအချက်များမှား ယွင်းနေပါကပုံစံ-၄(ဂ)ဖြင့်ပြင်ဆင်လျှောက်လွှာတင်သွင်းခြင်း၊ဆန္ဒမဲစာရင်းတွင်မိမိအမည်မပါရှိပါကပုံစံ(၃)ဖြင့် အမည်တင် သွင်းရန်တောင်းဆိုခြင်း၊အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့်ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင်ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက  ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းများကို သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြန်လည်စိစစ်၍ဆောင်ရွက်သွား မည်ဖြစ် ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်းမဲပေးခွင့်မဆုံးရုံးစေရေးအ်တွက် မဲစာရင်းများ လာရောက် ကြည့်ရှု့ကြရန်လည်း လှည့်လည်အသိပေး နိုးဆော်ထားကြောင်းသိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများအားအောက်တိုဘာ(၁)ရက်နေ့မှ(၁၄)ရက်နေ့ထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်ထိ ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးမှ သိရှိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)