ရန်ကင်း အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ ထားရှိသည့် Quarantine Centre များတွင် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာရှင်များမှ အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့က အ.ထ.က(၁) Quarantine Centre သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်ရန်ကင်းမြို့နယ်ပညာရေးမိသားစုများမှ အလှူငွေကျပ် (၁၇၉၂၀၀၀/-) ကျပ်နှင့် ပိုးသတ်ဆေး(၄)ဘူး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် ဒေါ်မြင့်မြင့်ဝင်း မိသားစုမှ နေ့လယ်စာ ထမင်းဘူး(၅၈)ဘူး၊ ဦးဝင်းနိုင်နှင့် ဒေါ်နှင်းယုဆွေမိသားစုမှ အလှူငွေကျပ်(၂၅၀၀၀၀/-)၊ ဦးပီတာသက်နှင့် မိတ်ဆွေများမှ ကြက်ကြော်နှင့်ကြက်ဥပြုတ်များ စသည့်အလှူငွေများနှင့် စားသောက် ဖွယ်ရာများကို အ.ထ.က(၁) Quarantine Centre သို့ လာရောက်လှူဒါန်းကြရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့မှ တာဝန်ရှိသူများမှ လက်ခံခဲ့ကြောင်း သိရှိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)