နတ်မောက် အောက်တိုဘာ ၃
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်/ အထွက် စစ်ဆေးရေး ဂိတ်များတွင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် အဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်သုံးနေရာ ထားရှိပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့် စစ်ဆေးဂိတ်တစ်ခုလျှင် တာဝန်ကျ ဝန်ထမ်း(၉)ဦးဖြင့် နေ့စဉ် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ၊ မဖြစ်မနေ ခရီးသွားလာ နေရသည့် ပြည်သူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း တို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ တာဝန်ကျ ဝန်ထမ်းများ အနေဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)