ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များသို့ ထောက်ပံ့ ပေးအပ်

စစ်ကိုင်း  အောက်တိုဘာ- ၃

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆက်စပ်ပစ္စည်းများအား ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ ပရဟိတအဖွဲ့များသို့ ပြန်လည်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

" တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ထောက်ပံ့ပေးအပ်တဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး စပ်ဆက် ပစ္စည်းတွေကို ပြန်လည် ဖြန့်ဝေပေးတာပါ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ နှာခေါင်း စည်း(၃၀၀၀)ခု၊ မျက်မှန်(၂၀)၊ (N 95)(၁၆)၊ PPE လက်အိတ်(၁၅)ခု၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ နှာခေါင်းစည်း(၃၀၀၀)၊ မျက်မှန်(၁၅)၊ (N95)(၁၆)၊ PPE လက်အိတ်(၁၇)ခု၊ ကိုဗစ်-၁၉ သယ်ယူ ပို့ဆောင်ရေးအဖွဲ့မှာတော့ နှာခေါင်းစည်း (၃၀၀၀)၊ မျက်မှန်(၁၅)၊ (N 95)(၁၅)၊ PPE လက်အိတ် (၁၈)ခု၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း (၆၀၀၀)၊ လက်အိတ်(၅၀)ခုတို့ကို ပြန်လည်ထောက်ပံ့ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပါတယ်" ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောပြ၍သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး စပ်ဆက်ပစ္စည်းများအား စစ်ကိုင်းခရိုင်အနေဖြင့် ကျန်ရှိနေသည့် မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်များသို့လည်း ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်၊ စစ်ကိုင်းခရိုင်ပြန်/ဆက်