ရန်ကင်းမြို့နယ်တွင် Quarantine Centre ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန်   အောက်တိုဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  ဖွင့်လှစ်ထားသော (၄) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Community Based Facility Quarantine Centre ၌ ထားရှိသော စောင့်ကြည့် လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမများ မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း Community Based Facility Quarantine Centreတွင် ထားရှိသည့် စောင့်ကြည့်လူနာ (၃၄)ဦးထံမှ  နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို စနစ်တကျဆောင်ရွက်ခဲ့ကြပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)