စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲရုံများထပ်တိုးဆောင်ရွက်ထား

ခါမ်းပါတ်  အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံများထပ်တိုး ဆောင်ရွက်ထားကြောင်း သိရသည်။

" လူ(၃၀၀၀)လောက်ရှိတဲ့ မဲရုံတွေကို ကိုဗစ်-၁၉ ကာလဖြစ်တာမို့ မဲဆန္ဒရှင်ပြည်သူတွေ အန္တရာယ်ကင်းစွာနဲ့ အဆင်ပြေပြေ မဲပေးနိုင်အောင် မဲရုံ()ရုံ တိုးချဲ့ထားပါတယ်၊ အထက်ကလည်း ညွှန်ကြားထားပါတယ်"ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးရမ်ဇမန်း မှ ပြောပါသည်။

ခါမ်းပါတ်မြို့အတွင်းရှိ မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုတို့တွင် မဲရုံ(၂၄)ရုံရှိပြီး ကိုဗစ်ကာလတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ဘုတ်ကန်ကျေးရွာ၊ ကနန်ကျေးရွာနှင့် ခါမ်းပါတ်အမှတ်() ရပ်ကွက်တို့တွင် မဲရုံတစ်ရုံစီ တိုးချဲ့ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင်မူ ခါမ်းပါတ်မြို့တွင် မဲရုံ(၂၇)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၈၉၇၉)ဦး ရှိကြောင်းလည်း သိရသည်။

ဒုတိယ(နောက်ဆုံး)အကြိမ်အဖြစ် မဲစာရင်းကပ်ထားခြင်းကို အောက်တိုဘာ()ရက်နေ့မှ (၁၄) ရက်နေ့အထိ ဆောင်ရွက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)