လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများလာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်းအောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး အသုံး အဆောင် ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှိုင်သာယာမြို့နယ်ရှိ Quarantine Centre များတွင် အသုံးပြုရန်အတွက် မြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် (၁၀၀)စုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာတုံး  ()တုံးတွဲ (၁၀၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် (၁၀၀)စုံ၊ Surgical Gown(၅၀)ထည်၊ Surgical Mask (၁၅၀၀)ခု၊ Face Shield (၅၀၀)ခု၊ လက်အိတ်(၁၀၀)ခုပါ () ဘူး၊ ရေမလို လက်သန့်ဆေးရည် (၅၀၀)မီလီ(၁၀) ဘူး၊ လက်ဆေးဆပ်ပြာရည်  (၅၀၀)မီလီ(၁၀) ဘူး၊ အရက်ပျံ(၅၀၀)မီလီ (၁၀) ဘူး စုစုပေါင်းတန်ဖိုးအားဖြင့် ငွေကျပ် ၁၆၁၀၇၀၀ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။

အဆိုပါပေးအပ်လှူဒါန်းရာတွင်  လှိုင်သာယာမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)