ရွှေဘို အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးသင့် ပြည်သူများထံ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဦးစီးမှူး ဒေါ်ချောစုမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်မှုနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မီးလောင်ဆုံးရှုံးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၁ သိန်း၊ မီးလောင် သေဆုံးသူအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်း၊ မီးလောင်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ ကျပ် ၅ သောင်း၊ မီးဘေးသင့် ပြည်သူနှစ်ဦးအတွက် ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင်၂၁၀၀ကျပ်ဖြင့် နှစ်ဦးအတွက် ၄၂၀၀ိကျပ်၊ စုစုပေါင်း ၄၅၄၂၀၀ိ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ပေး နိုင်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)