မိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 မိုင်းတုံ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပါတီစုံဒီမိုကရေစီထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များနှင့်အညီဆောင် ရွက်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရေး၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက ကြိုတင် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအ တွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်ကိစ္စရပ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များ၏ တာဝန်ခွဲဝေဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)