ပြင်ဦးလွင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက်ပြင်ဦးလွင်ခရိုင်၊ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်၊ နယ်စပ် လားရှိုး- ပြင်ဦးလွင် ကားလမ်း ဝက်ဝံကျေးရွာအခြေပြုနေရာတွင် အောက်တိုဘာ ၄ ရက်နေ့ ၊ နံနက် ၆ နာရီမှ စတင်ပြီး ပြင်ဦးလွင်ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသန်းဝင်းနှင့ အဖွဲ့ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ညွှန်ကြားချက်နှင့်အညီ ကျန်းမားရေး စစ်ဆေးမှုများ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပြင်ဉီးလွင်မြို့နယ် ၊ ဝက်ဝံကျေးရွာအခြေပြု ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွား လာနေသော မော်တော်ယာဉ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ( ၂) ပတ်အတွင်း ထုတ်ပေးထား သည့် ထောက်ခံချက် (လိုင်စင်ဓါတ်ပုံပါ ) များ ပါရှိမှု ရှိ/ မရှိ စစ်ဆေးခြင်း ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ကျန်းမာရေးဌာနမှ SWAB နမူနာရယူ၍ ကျန်းမာရေးစစ်ဆေးမှုများ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံသယလူနာများတွေ့ရှိပါက သတ်မှတ်နေရာများတွင် အမြန်ပို့ဆောင်ပေနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည် ။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )