ရေဖြူ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့ ကစ၍ ကပ်ထားကြောင်း ပြည်သူများသိရှိစေရန် လော်စပီကာဖြင့်နှိုးဆော်ခြင်း၊ နံရံကပ်စာစောင်များကပ်ပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကြေညာရာတွင် မိမိ၏အမည်စာရင်းများပါမပါ၊ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ အချက်အလက်များမှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဖြည့်စွက်မှုများ ပြုလုပ်ရန်ရပ်/ကျေး ကော်မရှင်များက လော်စပီကာဖြင့်နှိုးဆော်ခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။
ရေဖြူမြို့နယ်တွင် မဲဆန္ဒနယ် နှစ်ခုရှိပြီး နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်း အရ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၁၀၈၁၉))ဦးရှိကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)