လင်းခေး အောက်တိုဘာ ၆
လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း လိုအပ်သော နေရာများတွင် အသုံးပြုရန်အတွက် လင်းခေးခရိုင် ပညာရေးမှူးရုံး မိသားစုများ၏ အလှူငွေ များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်ခန့်က လင်းခေးမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်ပညာရေးမှူးရုံးမိသားစုဝင်များက လှူဒါန်းသော အလှူငွေစုစုပေါင်း (၁၁၃၀၀၀)ကျပ်ကို လင်းခေးခရိုင်ပညာရေးမှူးရုံးမှ စာရေး-၃ ဒေါ်နန်းစောရင်လှမှ ပေးအပ်လှူဒါန်းရာ လင်းခေးမြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်သန်းက လက်ခံရယူခဲ့သည်။
“လင်းခေးမြို့တွင် ယမန်နေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း Quarantine Center တွင် ထားရှိသူ(၂)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် လှူဒါန်ပေးသော လင်းခေး ခရိုင်ပညာရေးမှူးရုံးမိသားစုဝင်များအား ကျေးဇူးတင်ရှိပါကြောင်း” မြို့နယ်ဆရာဝန်ကြီးက ပြောကြားခဲ့သည်။
စိုင်းဇော်လတ်