ခင်ဦး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေးနှင့် ရောဂါပိုး ကူးစက်ပြန့်နှံ့မှု မရှိစေရေး ဆက်လက် ထိန်းချုပ်နိုင်ရန်အတွက် စားသောက် ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအားလုံး (Take Away) ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ ကို ယနေ့တွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မာမာအောင်နှင့် ဝန်ထမ်း များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် သွားရန်နှင့် ပါဆယ် စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)