မောက်မယ်မြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မောက်မယ်    အောက်တိုဘာ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသူနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စတင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မြို့ပေါ်ရပ်ကွက် ရပ်ကွက်တွင် သက်ကြီးရွယ်အိုဘိုးဘွားများ (၃၃)ဦး ရှိရာ တစ်ဦးလျင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးပြီး ကျေးရွာအုပ်စု အုပ်စုရှိကျေးရွာများမှ သက်ကြီးရွယ်အိုဘိုးဘွားများ(၄၈)ဦးအား ဆက်လက်၍ လိုက်လံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  နှင့် ထောက်ပံ့ငွေစုစုပေါင်းမှာ နှစ်ဆယ်လေးသိန်းသုံးသောင်းကျပ် ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)