ဟိုပုံးမြို့ မြို့မဈေး၌ FDA မှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဟိုပုံး   အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်းရှိ စားသုံးသူ ပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က FDA မှ တားမြစ်ထားသော  စားသောက်ကုန်ပစ္စည်းများ ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမင်းနှင့် ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်နေဇော်၊ ကျန်းမာရေးဦးစီးဌာန၊  စည်ပင်သာယာရေးဌာနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ လိုက်ပါလျက် မြို့မဈေးအတွင်းရှိ ခွင့်မပြုဆိုးဆေး၊ ခွင့်မပြုအစားအသောက် ရောင်းချခြင်း ရှိ/မရှိ၊  ဈေးဆိုင်၊ စတိုးဆိုင်တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့် အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်း ရှိ/မရှိ၊ ဟင်းခတ်အချိုမှုန့်များ ရောင်းချခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)