ကောလင်း အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် အောက်တိုဘာလ(၅) ရက်နေ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ကမ္ဘာ့ဆရာများနေ့ တွင် တာဝန်ရှိသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမ ကြီးများ၏ အိမ်တိုင်ရာရောက် သွားရောက်၍ ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (အငြိမ်းစား)ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းကို ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ရောဂါကူးစက် ပျံ့ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကောလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရေး ဝန်ထမ်းများ အသက် ၇၀နှစ်နှင့်အထက် ၈၇ဦးကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်း ခွဲနှုန်းနှင့် Mask တစ်ဗူးတို့ကို ကောလင်းမြို့နယ် ပညာရေးမှူး ဒေါ်မာမာအေး နှင့်တာဝန်ရှိသူ ဆရာ၊ဆရာမများက အိမ်တိုင်ရာ ရောက်လိုက်လံ ပူဇော်ကန်တော့ ခဲ့ကြကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)