ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီသို့ စေတနာရှင် ပြည်သူများ မှ အလှူငွေများ လာရောက်လှူဒါန်း

ရန်ကင်း အောက်တိုဘာ ၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီသို့ အလှူငွေများကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။  
ထိုသို့လှူဒါန်းရာတွင် ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ရွှေအုန်းပင်အိမ်ရာ(၄)မှ ဒေါက်တာ ယဉ်မြင့်မေ၊ သမီး ဝင့်ယဉ်ရန်နှိမ် မိသားစုမှ မြို့နယ်ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေ(၄ သိန်း)ကျပ်နှင့် အ.လ.က(၅) Quarantine Centre အတွက် အလှူငွေ(၁သိန်း) ကျပ်ကို လည်းကောင်း၊ ရန်ကင်းမြို့နယ် ဥပဒေအရာရှိမှ အလှူငွေ(၁သိန်း)ကျပ် ကိုလည်းကောင်း၊ ဒေါ်မိမိလတ်မိသားစု (စိန်သဇင်ထိုက်ကုမ္ပဏီ) မှ အလှူငွေ (၁၁သိန်း) ကျပ်ကို လည်းကောင်း၊ ဦးစိုးအောင်+ဒေါ်မိမိမြတ် မိသားစု (မုဒြာအေးကုမ္ပဏီ လိမိတက်)မှ အလှူငွေ(၂သိန်း) ကျပ်ကိုလည်းကောင်း   မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
ခင်လေး(ပြန်/ဆက်)