ကျောက်တံတားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေများပေးအပ်

ကျောက်တံတား အောက်တိုဘာ ၆


ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်က လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- နှုန်း  ထောက်ပံ့ပေးအပ်မှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက် (၈၀)နှစ်နှင့် (၈၅)နှစ်ကြားရှိ သက်ကြီးဘိုဘွား (၂၃၆)ဦးရှိပြီး တစ်ဦးလျှင်ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၀၈၀၀၀ဝိ/-) ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ