စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့ မြို့မရပ်ကွက်တွင် အသက် (၈၀)နှစ်နှင့်(၈၅)နှစ်ကြား အဘိုးအဖွားများအားထောက်ပံ့ငွေပေးအပ်

ဒီပဲယင်း  အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့မရပ်ကွက်ရှိ အသက်(၈၀)နှစ် နှင့် (၈၅)နှစ်အကြား သက်ကြီးအဘိုးအဖွားများအား   ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီစဉ်အရ လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေတစ်ဦးလျှင်  ၃ သောင်းကျပ်စီ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မ ရပ်ကွက် စာရေးတို့ကထ ထောက်ပံ့ငွေရှိကြသည့် အဘိုးအဖွားများထံသို့ လက်ဝယ် အရောက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့မ ရပ်ကွက် အတွင်း အဘိုး၁၁ဦး၊ အဖွား၂၆ဦးစုစုပေါင်း၃၇ဦးထံ ငွေကျပ် ၁၁သိန်း ၁သောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

သိန်းထွန်း(ဒီပဲယင်း)