တောင်ဥက္ကလာပ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၀) ရပ်ကွက် ပဒေသာဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဒေသာဈေးအတွင်းရှိ ဈေးရောင်းချသူပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူး စက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် We Love South Okkalapa အဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)
၀၉၄၄၀၇၉၅၇၁၅