စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများလှူဒါန်း

ခင်ဦး  အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေးလုပ်ငန်းများ လိုအပ်သောနေရာတွင် အသုံးပြုရန်အတွက် မြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ)၊ အ.လ.က(ခွဲ)နှင့် မူလွန်ကျောင်း တို့မှ ပညာရေးဝန်ထမ်း မိသားစုများ၏ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် ဆောင်ရွက် ခဲ့သည်။

အလှူငွေပေးအပ်ရာတွင် မြို့နယ်မှ ပညာရေးဝန်ထမ်းမိသားစုဝင်များက လှူဒါန်းသော အလှူငွေ စုစုပေါင်း (၄၇၅၀၀၀) ကျပ်ကို အထက(ခင်ဦး) မှ ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်နှင့် ဆရာ၊ ဆရာမများက အလှူရှင်များ ကိုယ်စားလှူဒါန်းရာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)