တိုက်ကြီးမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး

တိုက်ကြီး အောက်တိုဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းချနေသူများနှင့် ဈေးဝယ်သူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ မြို့မဈေးနှင့် ပျံကျ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ရှောင်တခင်ဝင် ရောက်စစ်ဆေးခြင်း ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့က တိုက်ကြီးမြို့မဈေးနှင့် ပျံကျဈေးတို့တွင် ဈေးရောင်းချသူများ နှာခေါင်းစည်း(Mask)များ၊ လက်အိတ်များ တပ်ဆင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးလာရောက် ဝယ်ယူသူများ နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားခြင်းရှိ/မရှိ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၏ ဈေးဝယ်ယူ ခွင့်ကတ်ပြား ပါ/ မပါ စစ်ဆေးခြင်းနှင့် မြို့မဈေးအတွင်း၊ အပြင်၊ ပျံကျဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ဆေးဘေစင်များ တပ်ဆင်ထားရှိမှုအခြေအနေတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
စန်းကလျာခိုင်(ပြန်/ဆက်)